နေပြည်တော် မေ ၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဧပြီ ၂၅ ရက်မှ မေ ၁ ရက်အထိန နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၄ ဒသမ ၈၉၆၂)တန်၊ သစ်မာ (၂၁ ဒသမ ၇၁၆၄)တန်၊ အခြား (၁၀၀ ဒသမ ၉၇၈၄)တန်၊ စုစုပေါင်း (၁၄၇ ဒသမ ၅၉၁၀)တန်၊ တရားခံ (၂၃)ဦး၊ ယာဉ်/ ယန္တရား (၁၀)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီး ဌာနမှ သိရသည်။

သတင်းစဉ်