နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မတ် ၂၀ ရက်မှ ၂၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၄၆ ဒသမ ၇၄၅၈ တန်၊ သစ်မာ ၅၀ ဒသမ ၁၆၆၀ တန်၊ အခြား ၄၃ ဒသမ ၈၀၉၄ တန် စုစုပေါင်း ၁၄၀ ဒသမ ၇၂၁၂ တန်၊ ယာဉ်/ ယန္တရား ခုနစ်စီး၊ တရားခံ ၂၀ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ မတ် ၂၆ ရက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မုက္ခာ(၁)ဘိနယ်၊ မုက္ခာကြိုးဝိုင်း၊ အကွက်အမှတ် (၄၀၊ ၅၁)/မင်းလှ(၁)ဘိနယ်၊ မင်းလှကြိုးဝိုင်း၊ အကွက်အမှတ် (၁၂) တို့အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး သစ်လုံး/ ခွဲသား/ လုံးပတ် သုံးပေအောက် သစ် ၄၄၆ လုံး (၅၉ ဒသမ ၀၀၅၂)တန်တို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

သတင်းစဉ်