နေပြည်တော် ၁၄ ဇန်နဝါရီ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၄ ရက်မှ ၁၀ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၈၉ ဒသမ ၅၇၃၆ တန်၊ သစ်မာ တန် ၁၂၁ ဒသမ ၃၅၆၀၊ အခြား ၃၁၁ ဒသမ ၆၅၅၆ တန်၊ စုစုပေါင်း ၅၂၂ ဒသမ ၅၈၅၂ တန်၊ တရားခံ ၆၆ ဦး၊ ယာဉ်/ယန္တရား  ၄၉ စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

ညီညီသန်း (နေပြည်တော်)