နေပြည်တော် အောက်တိုဘာ ၂၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄ ဒသမ ၄၃၈၂)တန်၊ သစ်မာတန် (၁၁ ဒသမ ၁၅၂၀)၊ အခြား (၁၄ ဒသမ ၉၃၁၂) တန် စုစုပေါင်း (၇၀ ဒသမ ၅၂၁၄) တန်၊ တရားခံ (၇)ဦး၊ ယာဉ်/ယန္တရား (၉)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)