နေပြည်တော်၊ ၉ ဖေဖော်ဝါရီ
နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နှင့် ယနေ့တို့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုသို့ထုတ်ပြန်ရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့်ဇမ္ဗူသီရိမြို့နယ်များ အတွင်း၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် အမရပူရမြို့နယ်များအတွင်း၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမြို့နယ်နှင့် ပခုက္ကူမြို့နယ်များအတွင်း၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မုံရွာမြို့နယ်နှင့် ကလေးမြို့နယ်များအတွင်း၌လည်းကောင်း၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ ရွှေကူမြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များအတွင်း၌လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များအတွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ တောင်ကြီးမြို့နယ်၊ တာချီလိတ်မြို့နယ်၊ နောင်ချို မြို့နယ်၊ လားရှိုးမြို့နယ်၊ ကလောမြို့နယ်၊ သီပေါမြို့နယ်၊ မူဆယ်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့အတွင်း၌လည်းကောင်း၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်နှင့် ဘားအံမြို့နယ်များအတွင်း၌လည်းကောင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ပြီး လူ ၅ ဦး၊ သို့မဟုတ် ၅ ဦးထက်ပိုသောသူများသည် ယင်းမြို့နယ်များအတွင်း အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့


