နေပြည်တော်ကောင်စီနယ်မြေ၊တိုင်းဒေသကြီး/ပြည်နယ်များမှ တရားမဝင်သစ် ၆၁၉ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော်  ၂၇   ဒီဇင်ဘာ

           

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉၄ ဒသမ ၇၇၅၂) တန်၊ သစ်မာ(၁၅၅ဒသမ၄၆၈၇)တန်၊ အခြား (၂၆၈ဒသမ၉၉၇၇)တန်၊ စုစုပေါင်း (၆၁၉ ဒသမ၂၄၁၆) တန်၊ တရားခံ(၅၀) ၊ ယာဉ်/ယန္တရား အစီး(၆၀)တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

6

 

ညီညီသန်း (နေပြည်တော်)