နေပြည်တော်၊ ၃ ဖေဖော်ဝါရီ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဇန်နဝါရီ ၂၉ ရက်မှ ဇန်နဝါရီ ၃၀ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ တောင်ညိုကြိုးဝိုင်းအကွက် အမှတ်(၄၄)၊ တောင်ညိုကြိုးဝိုင်း အကွက်အမှတ် (၄၀)အတွင်း၊ အထက်ဆင်သေကြိုးဝိုင်း အကွက်အမှတ် (၇၅)အတွင်း နေရာများ၌ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သင်းဝင်/ ဘဲ့ပြား/ ဖက်သန်း/ တောင်မကျည်း/ ကြက်ရိုး/ ယင်းမာ/ ဘင်္ဂ/ ရုံး/ ဖန်ခါး/ အင်/ သန်း/ လိန်/ သဘွတ်ကြီး/ တရော်/ ချဉ်ယုတ်/ သံသေ/ ကြို့/ အင်ကြင်း/ နဘဲ/ တရော်သစ်/ ယင်းမာ/ သဘောက်/ ကတီ/ ခူသန်ခွဲသား/ ခွဲခြမ်း/ မျော (၁၀ ဒသမ ၈၂၇၂)တန်၊ Jianghuai အင်ဂျင်(၂) လုံးနှင့်အတူ သစ်စက်ဆက်စပ်ပစ္စည်းများအား လည်းကောင်း။

 

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ် ပေါင်းလောင်းကြိုးဝိုင်း အကွက်အမှတ် (၇၁)အတွင်း တရားမဝင် ကညင်/စကားဝါခွဲသား (၁၁ ဒသမ ၈၉၄၁)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)

 

mdn