နေပြည်တော် ၃ ဧပြီ
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့်အထောက်အကူ ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပ သည်။
လှူဒါန်းပွဲသို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးတင်ထွန်း ၊ အတွင်းရေးမှူး ဦးနေလင်း၊ နေပြည်တော် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
လှူဒါန်းပွဲတွင် HUAWIE TECHNOLOGIHS(Yangon) Co.Ltd မှလှူဒါန်းသည့် တန်ဖိုးငွေကျပ် (၁၈၀၀၀၀၀)ရှိ Surgical Masks (၃၀၀၀)၊ နောင်ရိုးနည်းပညာများ Co.Ltd မှလှူဒါန်းသည့် တန်ဖိုးငွေကျပ် (၁၇၀၀၀၀၀)ရှိ PPE ဝတ်စုံ(၂၀)၊ Surgical Masks (၂၀၀၀)၊ ကာဘော်လစ်(၅၀၀)၊ Linn IT Solution Co.Ltd မှလှူဒါန်းသည့် တန်ဖိုးငွေကျပ် (၅၁၉၂၅၀၀)ရှိ PPE ဝတ်စုံ(၅၀၀)၊ Surgical Masks (၅၀၀၀)၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန (လမ်း/တံတား/ဆ-ဦ/ကျေးလက်)နေပြည်တော်ဝန်ထမ်း မိသားစုတို့မှလှူဒါန်းသည့် တန်ဖိုးငွေကျပ် (၂၀၀၀၀၀၀)ရှိ PPE ဝတ်စုံ(၆၀)တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ် လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အဆိုပါပစ္စည်းများအား နေပြည်တော်ကောင်စီမှတဆင့် နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ကာ လိုအပ်သည့် နေရာများတွင် ဖြန့်ဝေအသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)


