နေပြည်တော်၊ အောက်တိုဘာ ၂၁

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် ချောင်းမငယ်ဆည်ရေအား ဆင်အုံကန်မှတစ်ဆင့် တိုးချဲ့ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်မည့် အခြေအနေအား သွားရောက်စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ချောင်းမငယ်ဆည်ရေကို ဆင်အုံကန်မှတစ်ဆင့် ရယူသုံးစွဲရာ၌ ဆင်အုံကန်တွင် ပွန်တွန်းများထားရှိပြီး ရေတွန်းပန့်များတပ်ဆင်ကာ ဓနသိဒ္ဓိ ရေပေးရေးဝင်းသို့ ပို့ဆောင်သန့်စင်ပြီး တစ်ရက်လျှင် ရေဂါလန်ခြောက်သန်း တိုးချဲ့ပေးဝေနိုင်မည့် အခြေအနေကို ရှင်းလင်း တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရေပေးဝေရာတွင် အကျိုးရှိစေရေး သုံးစွဲနိုင်မည့် လူဦးရေ စာရင်းအား စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊ လက်ရှိပေးဝေနေသည့်နေရာများတွင် ရေပြတ်လပ်မှု မရှိစေရေးနှင့် ရေပိုက်များပေါက်၍ လေလွင့်ဆုံးရှုံးမှုများမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)