နေပြည်တော်၊ မေ ၂၀

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၁)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးညှပ်များ စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက အလေးထားကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြား သည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်  တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက စိုက်ပျိုးရေး လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ဆည်မြောင်းရေပေးဝေရေးလုပ်ငန်းများနှင့် ကဏ္ဍများအလိုက် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊  သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက် မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဆွေးနွေးချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)