ပျဉ်းမနား စက်တင်ဘာ ၂

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နေပြည်တော် ကောင်စီဉက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ကာကွယ် ဆေးထိုးနှံပေးနေမှု ကြည့်ရှုအားပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကာကွယ်ဆေးလာရောက် ထိုးနှံကြသည့်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးရာ ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများက  ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် ပတ်သက်ပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံရာတွင် ယခင်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ မသန်စွမ်းသူများနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်ကြီးသူများကို စက်တင်ဘာ ၁၆ ရက်မှစတင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)