နေပြည်တော် အောက်တိုဘာ  ၁၂

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ရဲမှူးကြီးကိုကိုလွင်၊ ဦးကျော်သိန်းဆိုင်တို့နှင့်အတူ ယနေ့နံက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ၊နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး ဆေးထိုးစုရပ်၊ ဇမ္ဗသီရိမြို့နယ် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းဆေးထိုးစုရပ်၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အ ခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်နှင့် လယ်ဝေးမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်တို့တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို လည့်လည်ကြည့်ရှုအားပေးသည်။

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဆေးထိုးစုရပ်အသီးသီး တွင် အသက်၁၂နှစ်နှင့် အထက်အခြေခံ ပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြား၍ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။

 

နေပြည်တော်တွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တို့မှ အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်သင်ကျောင်း (၄၉၆)ကျောင်းတို့ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့် အသက် (၁၂)နှစ်နှင့်အထက် အထက်တန်းကျောင်းသား ကျောင်းသူ (၂၀၂၅၇)ဦး အလယ်တန်း ကျောင်းသား ကျောင်းသူ(၆၃၇၁၂)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူပေါင်း (၈၃၉၆၉)ဦးတို့ကို ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)