နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက္ကသိုလ်/ဒီဂရီကောလိပ်များတွင် ကျောင်းသား/ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးနှင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူလူထုကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်း အစည်းအဝေးတက်ရောက်
နေပြည်တော် မေ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များတွင် ကျောင်းသား/ ကျောင်းသူ များ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျောင်းသား/ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် နေပြည်တော် ကောင်စီအနေဖြင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တင်ပြပေးစေလိုကြောင်း၊ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတာဝန် ဆောင်ရွက်ပေးရသည့် ဌာနအဖွဲ့အစည်းများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည်များရှိပါက တင်ပြကြ စေလိုကြောင်း၊ သက်ဆိုင်ရာကျောင်များအလိုက် အထိမ်းအမှတ်ပွဲများကို အစဉ်အလာမပျက် ဆောင်ရွက် စေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက တက္ကသိုလ်/ ဒီဂရီ ကောလိပ်များတွင် ကျောင်းသား/သူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုနှင့် ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းပြောကြားရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာတွင် ကလေးငယ်များ ကျန်ရှိမှုမရှိစေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်က ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများကလည်း နေပြည်တော်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူ လူထုကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)