နေပြည်တော် ၂၁ ဇန်နဝါရီ 


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည်  ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပညာရေးစုံညီပွဲတော်များတွင် ဆုများချီးမြှင့်ပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုခဲ့သည်။


ရှေးဦးစွာ နံနက် ၁၀ နာရီခွဲတွင် ဥတ္တရသီရိမြို့နယ်၊ သရက်တောအုပ်စု ပိုးစာတောကျေးရွာ  အခြေခံပညာ အလယ်တန်းကျောင်း၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကာယ၊ ဉာဏ ထူးချွန်ဆုပေးအပ်ပွဲနှင့်၂၀၁၈-၂၀၁၉ ပညာသင်နှစ် စုံညီပွဲတော် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့တက်ရောက်ပြီး အမှာစကား ပြောကြားကာ ထူးချွန်သည့်  ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ 

 

mdn

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ 


ထို့နောက် မွန်းလွဲပိုင်းတွင် လဲဝန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌  ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကာယ၊ ဉာဏထူးချွန်ဆုပေးအပ်ပွဲနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် စုံညီပွဲတော် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းအုပ်ကြီးရုံးခန်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကျေးရွာ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့်တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆွေးနွေးကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း ဥတ္တရခရိုင် ပြန်/ဆက်မှ သိရသည်။


MDN

 

mdn