နေပြည်တော် ဖေဖော်ဝါရီ ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဉီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ကွင်းအမှတ် ၁၈၁၇ တွင် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီဌာန (ရေအရင်းအမြစ်)မှ စိုက်ပျိုးရေ ပေးဝေရန်အတွက် မြေအောက်ရေ စက်ရေတွင်း တူးဖော်မည့် နေရာအားကြည့်ရှု စစ်ဆေးပြီး အဆိုပါ ကွင်းအမှတ် ၁၈၁၇ အတွင်း ဆောင်းသီးနှံ နေကြာစိုက်ခင်းနှင့် မတ်ပဲသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုမျာကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ကျေးရွာ ကွင်းအမှတ် ၁၆၂၈ တွင် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန (ရေအရင်းအမြစ်)က စိုက်ပျိုးရေပေးဝေရန်အတွက် မြေအောက်ရေ စက်ရေတွင်း တူးဖော်မည့် နေရာအားကြည့်ရှုစစ်ဆေးပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး သီးထပ်စွမ်းအားများ တိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး၊ ဆီထွက်သီးနှံများ အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများကို သဘာဝမြေဩဇာများ တွင်ကျယ်စွာ အသုံးပြုရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်ပြီး စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေများ အလေအလွင့် မရှိစေရေး တောင်သူအသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ပျံချီ)သို့ သွားရောက်၍ စက်မှုဘာသာရပ်၊ စိုက်ပျိုးရေးဘာသာရပ်နှင့် မွေးမြူရေးဘာသာရပ်များတွင် ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှု၊ ကျောင်းဝင်းအတွင်း သုံးထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်