နေပြည်တော် ဖေဖော်ဝါရီ ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး သည် ဒုတိယမြို့တော်ဝန် ဦးမောင် မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်တွင် သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိ မြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်အမှတ်(၂)ပတ်လမ်းတွင် အများပြည်သူ စိတ်ချမ်းမြေ့ အဆင်ပြေစွာ အပန်းဖြေနိုင်စေရန်အတွက် အင်ဂျင်နီယာဌာန(လမ်းတံတား)မှ Pattern Designဖြင့် Concrete Block ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍  မင်္ဂလာကန်အမှတ်(၃)အတွင်း သဲနုန်းများပို့ချမှုကြောင့် တိမ်ကောလာသည့် အတွက် အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)မှ Amphibious၊ Excavator နှင့် နုန်းစုပ်စက်များ အသုံးပြု၍ နုန်းတူးဖော်ဆယ်ယူ စွန့်ပစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က ကန်ပတ်လည်သာယာလှပရေးနှင့် ရေပြင်ကြည်လင်သန့်ရှင်းရေးကို အမြဲမပြတ်ဆောင်ရွက်ရန်၊ သတ်မှတ်ရေအနက်ရရှိစေရေး စနစ်တကျဆောင်ရွက်ရန်၊ ကန်အတွင်းမှ ဆယ်ယူစွန့်ပစ်သည့် နုန်းမြေများကို မြို့သာယာလှပရေးအတွက် စိုက်ပျိုးထားရှိသည့် သစ်ပင်ပန်းမန်များတွင် မြေဩဇာအဖြစ်အသုံးပြုရန်နှင့် လုပ်ငန်းများအချိန်မီ ပြီးစီးစေရေး စနစ်တကျဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်