နေပြည်တော် ဇန်နဝါရီ ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် ဌာနကြီးမှူး ဦးမင်းမင်းဇော်၊ နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ် လီမိတက်အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်ငြိမ်းတို့နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်း က လယ်ဝေးမြို့နယ်၊ စမတောင် မဟာပရဟိတဂေဟာ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်သို့ သွားရောက်၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ပုံမှန်လှူဒါန်း နေသော အခြေခံ စားကုန်(၄)မျိုး(ဆန်၊ ဆီ၊ ပဲ၊ ဆား)များ ဝယ်ယူခြင်းအတွက် လှူဒါန်းငွေကျပ် (၄၅)သိန်းကို (၁၁၆)ကြိမ်မြောက် လှူဒါန်းမှုအဖြစ် လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်ကျောင်းအုပ် ဆရာတော် ဦးဉာဏိန္ဒထံသို့ ဆပ်ကပ်လှူဒါန်းသည်။
အဆိုပါ စမတောင် မဟာပရဟိတဂေဟာလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်တွင် မိဘမဲ့ကျောင်းသား/ ကျောင်းသူ လူငယ်စုစုပေါင်း (၁၀၅၆) ဦးခန့်ရှိပြီး နေပြည်တော်စည်ပင်သာယာ ရေးကော်မတီမှ ၂၀၁၂ ခုနှစ်၊ မေလမှစ၍ အခြေခံစားကုန်(၄)မျိုး (ဆန်၊ ဆီ၊ ပဲ၊ ဆား)များ လစဉ်လှူဒါန်းလျက်ရှိရာ ယနေ့အထိ လှူဒါန်းငွေကျပ် စုစုပေါင်း(၁၅၃,၉၉၀,၂၀ဝိ/-) လှူဒါန်း ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်