နေပြည်တော် ဧပြီ     

 

အစားအသောက်ဘေးကင်းလုံခြုံရေး အခြေခံသင်တန်းအမှတ်စဉ်() ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်နည်းပညာတက္ကသိုလ်၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ နေပြည်တော် ကောင်စီဝင်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးသည် လူတိုင်းနှင့် သက်ဆိုင်သည့်အရာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက်များကို စားသုံးမှသာ ကျန်းမာကြံ့ခိုင်သည့်လူသားများအဖြစ် ရှင်သန်နိုင်မည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အစားအသောက်ကို ရွေးချယ်ရာတွင် လတ်ဆတ်ပြီး  အာဟာရပြည့်ဝရန်လိုအပ်သလို ဘေးအန္တရာယ်ကင်းရှင်းရန်လည်း အလွန်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် အစားအသောက်ဥပဒေကို ပြဋ္ဌာန်းထားပြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီက ကျန်းမာရေးနှင့် ညီညွတ်သည့်ဆေးဝါး၊ အစားအသောက်များကို ပြည်သူများ စားသုံးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ပြည်သူလူထု အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ညွှန်ကြား ချက်များအား တိကျစွာလိုက်နာပြီး ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင် ရွက်သွားကြ ရန်လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ အစား အသောက်ဘေးအန္တရာယ်များကို အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးခံစားကြရကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူပေါင်းသုံးသန်းခန့်သည် မသန့်ရှင်းသော ရေနှင့်အစား အသောက် များကို သောက်သုံးခြင်း၊ စားသုံးခြင်းဖြင့် နှစ်စဉ်အသက်ဆုံးရှုံးနေကြ ရကြောင်း၊ အစားအသောက်များအား မည်မျှပင် ဖူလုံအောင်ထုတ်လုပ်စေကာမူ အစားအသောက် ဘေးကင်းလုံခြုံမှုမရှိလျှင် အစားအသောက် ဖူလုံမှုကို မရရှိနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်းများကို အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာများ ဖြန့်ဖြူးပေးခြင်း အားဖြင့် အရည်အသွေး ပြည့်ဝသော၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို ထုတ်လုပ်နိုင်ရန် အထောက်အကူပြုနိုင်ပြီး ပြည်သူလူထု ကျန်းမာရေးလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်နည်းပညာတက္ကသိုလ် တာဝန်ခံ ဒေါက်တာနေမျိုးထွန်းက သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်နှင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အချက်များ၏ အရေးပါပုံ များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အစားအသောက် နည်းပညာစင်တာရှိ ဓာတ်ခွဲခန်း များအား လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)