နေပြည်တော် ဇန်နဝါရီ ၂၁

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဟန်သူ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာအတွင်းရှိ ရအောင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားသည်။

 

ထို့နောက် ရွှေခဲအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး သစ်ပင်သစ်တောများ ပြုန်းတီးမှုမရှိစေရေးနှင့် ကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧက စိုက်ပျိုးရေးတို့ကို အလေးထား ဆောင်ရွက်ကြရေး၊ သီနှံများပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးရေး၊ သွင်းအားစုများ တွင်ကျယ်စွာအသုံးပြုရေး၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် တောင်သူ များအား အသိပညာပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေ ရေးတို့ကို ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)