နေပြည်တော် ဒီဇင်ဘာ ၃၀

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်/လူပျိုဆောင်များ ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံးဝင်းအတွင်း နေပြည်တော် ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် ( ၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦ အပျိုဆောင် တစ်လုံးတည်ဆောက်နေမှုနှင့် အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲလေးထပ် သံကူကွန်ကရစ် အဆောက်အဦတစ်လုံး တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ် (2-Bed) သံကူကွန်ကရစ် အဆောက်အဦ ကိုးလုံး တည်ဆောက်နေမှု၊ ဘောဂသိဒ္ဓိရပ်ကွက်အတွင်း ( ၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦ လူပျိုဆောင်တစ်လုံးတည် ဆောက်နေမှု ၊ ( ၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ် အဆောက်အဦ အပျိုဆောင်နှစ်လုံး တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရေရှည်ခိုင်ခံ့ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရမှာ ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။

 

mdn

 

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမျိုးသားပရဆေးဥယျာဉ်သို့ သွားရောက်၍ ပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ဆေးဘက်ဝင် ပရဆေးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အမျိုးသားပရဆေးဥယျာဉ်အား ပြည်သူလူထုအနေဖြင့် တိုင်းရင်းဆေးပညာဆိုင်ရာ ဗဟုသတရရှိ စေပြီး အပန်းဖြေစေနိုင်သည့် ဥယျာဉ်ကြီးတစ်ခုဖြစ်စေရေး ဆောင်ရွက်သွားရန်၊ သန့်ရှင်းသာယာ လှပရေးကို အမြဲမပြတ်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

 

သတင်းစဉ်