နေပြည်တော် မတ် ၁၅

 

၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာများနှင့် ကုန် သည်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အတွက် ယခုနှစ်ဆောင်ပုဒ်မှာမျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” (Fair and Responsible Al for Consumers) ဖြစ်ပါကြောင်း၊ AI နည်းပညာကြောင့် စားသုံး သူနစ်နာမှုများ များပြားလာသည့်အတွက် နည်းပညာထုတ်လုပ်သူနှင့် အသုံးပြုသူများက လူ့ အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုတတ်လာစေရေး နှိုးဆော်ထားသည့် ဆောင်ပုဒ်ဖြစ်ပါ ကြောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်သည် ခေတ်သစ် စားသုံးသူ နစ်နာဆုံးရှုံး စေနိုင်သည့် Soft power အဖြစ် တည်ရှိလာသည့် AI နည်းပညာကို အကျိုးရှိစွာ အသုံးပြုပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံနှင့် နေပြည်တော် စားသုံးသူရေးရာ ကော်မတီ၏ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်နိုင်မှုကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေး ကာကွယ်ဆောင်ရွက်မှု မှတ်တမ်း Video Clip နှင့် မူပိုင်ခွင့် ဆိုင်ရာ သိကောင်းစရာများကိုလည်း ရှင်းလင်းတင်ပြသည်။

 

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် ဓါတ်ပုံမှတ်တမ်းများနှင့် ပိုစတာများကို လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (/၂၀၂၄) အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နေပြည်တော်ကို Clean City Green City Smart City ဖြစ်စေရန်အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ခရီးသွားကဏ္ဍအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းသည် နိုင်ငံသားများအားလုံးအတွက် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းကဏ္ဍ တစ်ခုဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများ တိုးတက်လားစေရေး၊ ခရီးစဉ်နေရာများ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွား ဆွဲဆောင်မှုရှိစေရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများရရှိစေရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်သည့်သင်တန်းများ ဖွင့်လှစ် နိုင်ရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး နေပြည်တော် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးတို့က နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ကော်မတီအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင် များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်း နှင့်ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အာဆီယံအစိမ်းရောင်ဟိုတယ်များ စံနှုန်းဆုနှင့် အာဆီယံ MICE Venue စံနှုန်းဆုများရရှိကြသည့် ဟိုတယ်များကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်