နေပြည်တော်  ဇန်နဝါရီ  ၁၄

 

လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စုနှင့် အလယ်ကျွန်းကျေးရွာအုပ်စုတို့တွင် ရေကြီး နစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ပေါက်မြိုင်ကျေးရွာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက  ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့်တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများထံ အစားထိုး ပြန်လည်ဖြည့်ဆည်းပေးသော တိရစ္ဆာန်များကို လွှဲပြောင်းပေးအပ်သည့် မှတ်တမ်းလွှာများပေးအပ်၍ အစားထိုး ပြန်လည်ဖြည့်ဆည်းပေးသည့် ဒေသနွားများ၊ ဆိတ်၊ ကြက်နှင့် ဝက်တို့ကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေကျပ် ၁၀ သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်သည်။

 

ဆက်လက်၍ လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအနီး ဆောင်းသီးနှံမတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း နေမှုကို လည်းကောင်း၊ အေလာကျေးရွာအုပ်စု ရွာမကျေးရွာအတွင်းရှိ ဂိုဏ်းထောက်ကျောင်းတိုက်အနီးရှိ ရုံးပင်ချောင်းကမ်းပါးထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဂိုဏ်းထောက်ကျောင်းတိုက်အတွင်း သီတင်းသုံးနေသည့် ဆရာတော်ဘဒ္ဒန္တပညာဝံသအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် အေလာကျေးရွာအုပ်စု ဒိုဘီကုန်းကျေးရွာအတွင်းရှိ အောင်စက်မှုလက်မှု၊ စပါးနှင့် ပဲအမျိုးမျိုး ခြွေလှေ့စက်ထုပ်လုပ်ရေးလုပ်ငန်းမှ ရိတ်သိမ်းခြွေလှေ့စက်များ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ ပေါက်မြိုင် ကျေးရွာနေ တောင်သူ ဦးအောင်ကိုထက်၏ ကိုယ်တိုင်ပြုလုပ်သုံးစွဲနေသည့် လက်ဆွဲကောက်စိုက်စက်ကို လည်းကောင်း၊ အေလာကျေးရွာအုပ်စု စက်ပိုင်းကျေးရွာအနီး နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းနှင့် ရုံးပင်ချောင်း (ပလွေးချောင်း)ကမ်းပါး ရေတိုက်စားကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်း ကောင်း၊ ဝက္ကမူကျေးရွာအုပ်စု ဝက္ကမူကျေးရွာအနီး ရာဘာရေလွှဲဆည်မှ စိုက်ပျိုးရေ ပေးဝေနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ() ကျင်းပသည့် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(/၂၀၂၅)သို့တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးလုပ်ငန်းများနှင့် ကော်မတီ၏လုပ် ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)