နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ယာသုံးစက် ကိရိယာများ ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေး

နေပြည်တော် မေ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အတွင်း  မိုးစပါးစိုက်ပျိုးရာသီတွင် ကြဲပက်စိုက်ပျိုးခြင်းနည်းစနစ် ပပျောက်ရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁) အလတ်စား လယ်ယာသုံး စက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံ၌ ထွန်စက်ဖြင့်တွဲဖက်၍  အခြောက်ထယ်ရေး စပါးအစေ့ချကိရိယာများ ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ဖြင့် တွဲဖက်၍  အခြောက်ထယ်ရေး စပါးအစေ့ချကိရိယာ သရုပ်ပြသခြင်းနှင့် အလုပ်ရုံအတွင်းရှိ လယ်ယာသုံး စက်ကိရိယာများကို လှည့်လည်ကြည့်ရှုအားပေးရာ နေပြည်တော်စက်မှုလယ်ယာ ဦးစီးဌာန ညွှန်ကြားရေးမှူးဦးနိုင်ဦးက စပါးအစေ့ချကိရိယာ ထုတ်လုပ်နေမှုနှင့် လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်နေမှုကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်းရှိ မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကများကို ရာနှုန်းပြည့်အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး၊ ထုတ်လုပ်သည့် စက်ကိရိယာများကို အရည်အသွေး ကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်းရှိ P.P.E.G Construction Co.,Ltd မှ စပါးအစေ့ချ ကိရိယာများနှင့် လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်တပ်ဆင်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်းနှင့် ဒက္ခိဏသီရိစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး အဆောက်အဦ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိ ရပ်ကွက်အတွင်းရှိ ဘဝအလင်းတန်းစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုအားပေးပြီး စာကြည့်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်းကာ စာကြည့်တိုက်တွင် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရေး၊ သုတ၊ ရသ စာအုပ်စာစောင်များ စုံလင်စွာထားရှိရေး၊ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်