နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း  မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ကန်တော်မင်္ဂလာရှမ်းကန် ယာယီရှင်းလင်းဆောင်၌ ပျဉ်းမနားမြို့နယ် မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ပျဉ်းမနားမြို့ကို မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်သည့်အလေ့အထများရှိစေရေး၊ မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် ကန်တော်မင်္ဂလာ ရှမ်းကန်တွင် အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိသည့် ရေလယ်ကျောင်းဆောင်၊ ရှင်ဥပဂုတ္တ ကျောင်းဆောင် အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ၊ လူလျှောက်လမ်းတံတားအသစ် တည်ဆောက်ပြီးစီးမှုနှင့် ကန်တော်မင်္ဂလာရှမ်းကန်၊ ဗိုလ်တောက်ထိန်လမ်းတွင် RC တိုင် အုတ်စီမြေ ထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ရေမြောင်းပြုပြင်ခြင်းလုပ်ငန်းနှင့် ကွန်ကရစ်ရေမြောင်းဖုံး ပြုလုပ်ခြင်း လုပ်ငန်းများ၊ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်အတွင်းရှိ ရွှေချီ(၆)လမ်းတံတား ငလိုက်ချောင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ပျဉ်းမနားမြို့ မေတ္တာကန်ပတ်လမ်းတွင် ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် လမ်းမီးတိုင်များ စိုက်ထူတပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် မအူတောကျေး ရွာအုပ်စု စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ နွေစပါးစိုက်ပျိုးသည့်တောင်သူများထံ သဘာဝမြေဩဇာ၊ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ကြံဖိုစုကျေးရွာ အနီးတွင် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဆင်သေချောင်းလျှပ်စစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံ ပညာမူလတန်း အဆင့် ပဉ္စမတန်း(Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် နဝမတန်း(Grade-9) နှစ်ဆုံးစာမေး ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည့်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ် ငန်းများမရှိစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။ 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများမရှိစေရေးအတွက် ဆောင်ရွက်နေမှု အခြအနေ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်