နေပြည်တော် ဇူလိုင် ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် သစ်တပ် ကျေးရွာအုပ်စု ပင်လောင်းလမ်းဆုံ မီးပွိုင့်အနီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းစီမံ ဆောင်ရွက်လျက်ရှိသည့် ရေဆင်းဆည်ရေသောက်စနစ် လက် ယာ(၂) မြောင်းမကြီးနှင့် မပိုက်ကယ်ရိုးမှ စီးဆင်းလျက်ရှိသည့် သစ်တပ်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အတွက် မြောင်းအတွင်း သဲနုန်းတူးဖော်ခြင်း၊ အမှိုက်ဆယ်ခြင်း၊  အမှိုက်များ ထပ်မံပိတ်ဆို့မှု မရှိစေရေးနှင့် ရေဝပ်မှုများမရှိစေရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးရှိ မေတ္တာကန်နှင့် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန်တို့သို့ ရောက်ရှိပြီး ကန်အတွင်း ကြာပန်းပင်များ စိုက်ထည့်ထားရှိမှု၊  အများပြည်သူများ အပန်းဖြေ အနားယူနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ကန်ပတ်ဝန်းကျင်တွင် ရာသီအလိုက်ပွင့်သည့် ပန်းပင် များ စိုက်ပျိုးထားရှိမှုများနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ကန်တော်မင်္ဂလာ ရှမ်းကန် သာယာလှပရေးနှင့် ရေလယ်ဘုရားကျောင်းဆောင်တည် ဆောက်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရာက်၍ နေပြည် တော်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်မှ ပြောင်း ရွှေ့လာသူများစာရင်း ပြုစုခြင်း၊ ပြောင်းရွှေ့ထွက်ခွာသူများစာရင်း ပြုစုခြင်းတို့ကို ပြန်လည် စိစစ်ဆောင်ရွက်ရေးနှင့် ၎င်းတို့မှ ထွက်ပေါ်လာသည့် အချက်အလက်များအရ အိမ်ထောင်စု လူဦးရေစာရင်း ရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရှိ/မရှိ စာရင်းပြုစု၍ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ တိကျမှန်ကန်စွာဖြေဆိုနိုင်ရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အစည်းအဝေးတွင် နေပြည်တော်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမည့် အခြေအနေများ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။ 

ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ One Region One Product ထုတ်ကုန်များ ပိုမိုတိုးချဲ့ထုတ်လုပ်လာနိုင်ရေး၊ ပြည်ပဈေးကွက်နှင့် ချိတ်ဆက်တင်ပို့ရောင်းချနိုင်ရေး ကိစ္စ ရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားပြီး တက်ရောက်လာကြသူများ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်