နေပြည်တော် ဇွန် ၈

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီးနှင့် ရာဇသိင်္ဂဟလမ်းမကြီးများသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီး အောင်ဆောင်ရွက်ရေး၊ အရည်အသွေး ပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုရေး၊ မြေသား သိပ်သည်းမှုရှိအောင် ဆောင်ရွက်ရေးနှင့် လမ်းခင်း ကျောက်များ သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားသည်။

 

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်သို့ သွားရောက်၍ နေပြည်တော်ကောင်စီ၏၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်သည့် အမှုထမ်းအိမ်ရာများ ဆောက်လုပ်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး (ဝဲပုံ) ယာယီရှင်းလင်းဆောင်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်း ဆောင်ရွက် နေသော ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြုပြင်ရမည့်လုပ်ငန်းများ ပြန်လည် ပြုပြင်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားရေး၊ လုပ်ငန်းသုံးပစ္စည်းများ အချိန်မီရောက်ရှိရေးတို့ကို မှာကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဘောဂသိဒ္ဓိရပ်ကွက်သို့သွားရောက်၍ လူပျိုဆောင် နှင့် အပျိုဆောင်များ ဆောက်လုပ်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်