နေပြည်တော် ဇန်နဝါရီ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုး တက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး သားငါးကဏ္ဍ GDP တိုးတက်လာစေရန်နှင့် အသားစားသုံးမှုဖူလုံစေရန်အတွက် လက်ရှိမွေး မြူသူများကို နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မွေးမြူသူများ အမှန်တစ်ကယ် မွေးမြူနိုင်ရေးနှင့် သွင်းအားစုများ မျိုးကောင်းမျိုးသန့်များ၊ အစားအစာများ ထောက်ပံ့ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုပြီး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်းရှိ ဆန်စက်၊ ဆီစက် စသည့် စက်ရုံများမှ ထွက်ရှိသည့် ကုန်ကြမ်းဘေးထွက် ပစ္စည်းများမှ သဘာဝမြေဩဇာနှင့် တိရစ္ဆန်အစားအစာများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ လက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်း များကို အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်ပြီး တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများက ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက် နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဌ က လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အလားတူ ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်များ အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ(၂)နာရီတွင် နေပြည် တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် One Region One Product အဓိကထုတ်ကုန်အပါအဝင် အခြားသော ထုတ်ကုန်အမျိုးမျိုးကို ပူးပေါင်းပါဝင်ခင်းကျင်းပြသခြင်းဖြင့် မိမိတို့ ထုတ်ကုန်များ အချင်းချင်း ပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူအားပေးလာနိုင်ခြင်း၊ လုပ်ငန်း များအတွက် အကြံဉာဏ်အတွေးအခေါ်ကောင်းများ ရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် MSME ပြခန်းများ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်း ရှင်များအနေဖြင့် ဒေသထွက်ထုတ်ကုန်များ၊ အစားအစာများ ပြည်သူများသို့ သင်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး၊ One Region One Product ထုတ်ကုန်အပါအဝင် MSME ထုတ်ကုန် များအား စုံလင်စွာခင်းကျင်းပြသ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ MSME ထုတ်ကုန်များ ခင်းကျင်းပြသ ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ၊ ဆပ်ကော်မ တီများက အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက် မည့် အခြေအနေများ၊ ဒေသထွက် MSME ထုတ်ကုန်များနှင့် အစားအစာများ ခင်းကျင်းပြသရောင်းချမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဒုတိယမြို့တော်ဝန်တို့က ရှင်းလင်းဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)