နေပြည်တော်၊ စက်တင်ဘာ ၂၀

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ခေမာသီဝံကျောင်းတိုက်နှင့် မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်တို့မှ ပဓာနနာယကဆရာတော်ကြီးများအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့၊ ခေမာသီဝံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇနိယ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇနိယ မဟာထေရ်မြတ်ကြီးနှင့် သံဃာတော်များအား  ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

 

mdn

 

အလားတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ မထေရ်မြတ်အား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

 

ထိုနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးရှိ မေတ္တာကန်နှင့် ပျဉ်းမနားမြို့နယ် ကျီးအင်းအုပ်စု ကျီးဖြူရိုး ကျေးရွာရှိ ရွှေကံကောင်း မွေးမြူရေးခြံတွင် အသားတိုး ဝက်မွေးမြူရေးခြံနှင့် အသားတိုး ကြက်မွေးမြူရေး ခြံများသို့ သွားရောက်ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကန်တော် မင်္ဂလာရှမ်းကန်တွင် အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိသည့် ရေလယ်ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင်တို့ အသစ်တည်ဆောက်ခြင်း၊ လူလျှောက်လမ်းတံတားအသစ် တည်ဆောက်နေမှုနှင့် ကန်တော်မင်္ဂလာ ရှမ်းကန်ပတ်လည်တွင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်