နေပြည်တော် ဇန်နဝါရီ ၂၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်အတွင်းရှိ (၆)လမ်း တံတားအနီးဝန်းကျင်နှင့် ငလိုက်ချောင်းတစ်လျှောက် သန့်ရှင်းသာယာရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ငလိုက်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူ (၁၀)ရပ်ကွက်၊ လက်ပံခါးလှအတွင်းရှိ အမှတ်(၁၄၀) အခြေခံပညာမူလတန်း လွန်ကျောင်း ၌ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းသာယာလှပစေရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ဆရာဆရာမများနှင့် လူမှုရေး အသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီးကျောင်း ပတ်ဝန်းကျင် အမြဲသန့်ရှင်းသာယာလှပစေရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။
အလားတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် ယနေ့တွင်ဒက္ခိဏသီရိမြို့နယ် မြတ်မင်္ဂလာလမ်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မုဒ်ဦးအနီး ယာဉ်ရပ်နား ရန်နေရာ ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများ ပြည့်မီစွာ ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးစေရေး စနစ်တကျဆောင်ရွက်ရန်၊ ယာဉ်ရပ်နားရန်နေရာနှင့် ဘုရားအုတ်တံတိုင်းကြား အရိပ်ရပင်နှင့် အလှပန်းပင်များစိုက်ပျိုးရန်တို့ကို မှာကြားသည်။
ဆက်လက်၍ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(MICC-I)တွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် မူလအဆောက်အဦကို ထိခိုက်မှုမရှိစေရေး အထူးအလေးထားထိန်းသိမ်း ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်