ရန်ကုန် ဩဂုတ် ၂၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ မော်စကိုမြို့၌ကျင်းပမည့် နိုင်ငံတကာသယ်ယူပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး (International Transport Summit 2023)သို့ တက်ရောက် ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းက ရန်ကုန်မြို့မှရှရှားဖက်ဒရေးရှင်းနိုင်ငံ ၊ မော်စကိုမြို့သိုလေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။
နိုင်ငံတကာသယ်ယူပို့ဆောင်ရေးထိပ် သီးအစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ခေါင်းဆောင်၍အဖွဲ့ဝင်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒေါက်တာသက်ခိုင်ထွန်း (အင်ဂျင်နီယာ) ဒုတိယ ညွှန်ကြားရေးမှူး နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ဦးချစ်ကိုကို ဒုတိယ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီတို့ လိုက်ပါသွားကြသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးအား ဩဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိမော်စကို အစိုးရ ပို့ဆောင်ရေးနှင့်လမ်းပန်းဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုဌာနနှင့် ပြည်ပစီးပွား ဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနတို့ပူးပေါင်း ၍စီစဉ်ကျင်းပခြင်းဖြစ်ပြီး မျက်မှောက် ခေတ်နိုင်ငံများ၏မြို့တော်များတွင် လက်ရှိကြုံတွေ့နေရသည့်သယ်ယူပို့ ဆောင်ရေးဆိုင်ရာ ပြဿနာများအတွက် ဆွေးနွေးနိုင်မည့် အပြည်ပြည်ဆိုင်ရာကျွမ်း ကျင်သူများ တွေ့ဆုံရာစင်္ကြံန်တစ်ရပ်ဖြစ်ပေါ်လာစေရေးနှင့်ပို့ ဆောင်ရေးဆိုင်ရာ ကဏ္ဍတွင် မြို့တော်များအကြား ဆက်ဆံရေးပိုမိုအား ကောင်းလာစေပြီး အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများဆုံးဖြတ်ရေးကိုရည် ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)