နေပြည်တော် ဒီဇင်ဘာ ၁၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ စီစဉ် ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြပြီး အခြားတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ အထိမ်း အမှတ်ပြခန်း (၄၀)နှင့် ရိုးရာအစားအစာပြခန်း (၁၅)ခန်းကို ဗဟိုကော်မတီ၏ အတည်ပြုချက် နှင့်အညီ ပြခန်းများကို ဆောက်လုပ်ရေးဆပ်ကော်မတီက တည်ဆောက်ပြီးဖြစ်၍ သက်ဆိုင် ရာဌာန အဖွဲ့အစည်းများအနေဖြင့် ပြခန်းများအချိန်မီပြီးစီးရေး စတင်ခင်းကျင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ တပေါင်းပွဲတော်ကွင်းအတွင်း လူနှင့် ယာဉ်ကြောပိတ်ဆို့ပြီး ကြန့်ကြာမှုမရှိစေရေး အထူးဂရုပြု စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုပြပွဲကို အနယ်နယ်အရပ်ရပ်ရှိ အများပြည်သူမှ လာရောက် ကြည့်ရှုလိုပါက လာရောက်ကြည့်ရှု စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် ထပ်ဆင့်အသိပေး အကြောင်းကြား စေလိုပါကြောင်း၊ အများပြည်သူ လုံခြုံရေးနှင့် ဝင်/ထွက်ခွင့် လွယ်ကူမြန်ဆန်ရေးကို မျှတ အောင် စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊ ရိုးရာအစားအစာပြခန်းများ ခမ်းနားထည်ဝါစွာ ခင်းကျင်း ပြသနိုင်ရေး၊ အောင်မြင်စွာကျင်းပနိုင်ရေးကို လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီ များအနေဖြင့် ကျရာအခန်းကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းအားထုတ်ပေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အထိမ်းအမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့် အထိမ်းအမှတ် ပြခန်းများ၊ ရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဖွင့်ပွဲအခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ၊ ပြခန်းများ အုပ်ချုပ်မှုနှင့် ပြခန်း/ဂုဏ်ပြုယာဉ်များ နေရာစီစဉ်ချထားရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ် ကော်မတီများက ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ပြခန်းတာဝန်ခံများက ဂုဏ်ပြုယာဉ်များ၊ ပြခန်းများ ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရှင်းလင်းဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်