နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် မျိုးရွေးချယ်ခြင်း သရုပ်ပြပွဲနှင့် သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လှည်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် မျိုးရွေးချယ်ခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့ တော်ဝန်၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်အတွင်းရှိ တောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး  ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နေပြည်တော်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများ အထွက်နှုန်းမြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ နည်းပညာများနှင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ  ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂) ရပ်ကွက်ရှိ မေတ္တာကန်အတွင်း သဲနုန်းများတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော် မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်း၌ မုန်တိုင်း ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  မီးသတ်ဦးစီးဌာနအနေဖြင့် ကူညီရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ရင်ဆိုင်တုန့်ပြန်ခြင်းလုပ်ငန်းများကို အသင့် ကြိုတင်ပြင်ဆင် ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် စေလိုကြောင်းပြောကြားပြီး သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပရဟိတအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံပေးအပ်၍ ခင်းကျင်းပြသထားသည့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများအား လှည်လည်ကြည့်ရှုစစ်ဆေးကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်မီးသတ်ဦးစီးဌာန အစည်းအ ဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်၍  မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက သဘာဝဘေး ဖြစ်ပေါ်လာပါက စုဖွဲ့ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြိုတင်ဇာတ်တိုက်ထားရှိမှု၊ ရင်ဆိုင်တုန့်ပြန် နိုင်မှုနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က သဘာဝဘေးမဖြစ်မီ ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများ၊ သဘာဝဘေးဖြစ်ပွားပါက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်းကောင်း ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ  Myanmar Agribusiness Public Corporation (MAPCO)Ltd သို့သွားရောက်ပြီး ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းရှင်များက အရန်ဆန်များစု ဆောင်းထား ရှိမှုအခြေအနေနှင့် ဆီစက်လုပ်ငန်း ရှင်များက အရန်ဆီများစုဆောင်းထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ပြော ကြားပြီး စက်ရုံအတွင်း သဘာဝဘေးအတွက် အရန်ဆန်များ စုဆောင်းထားရှိမှု အခြေအနေများကို သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်