နေပြည်တော် ဇူလိုင် ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် အောင်မြင်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်က ပြန်လည်ပြုပြင် မွမ်းမံပြီးသော ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါးကျောင်းဆောင် နှစ်ဆောင် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဘုန်းတော်ကြီး
ကျောင်းတွင်ကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးမြို့နယ်သံဃနာယကအဖွဲ့ဝင် ဝင်တဲကူးကျောင်းတိုက်ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပသန္နာစာရ မထေရ်မြတ်အမှူးပြုသော ဆရာတော် သံဃာ တော်များ တက်ရောက်ချီးမြှင့်တော်မှုကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း နှင့်ဇနီး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်မိသားစုများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
ရှေဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဝင်တဲကူးကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာ တော်တို့က ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဝင်တဲကူးကျောင်း တိုက်ပဓာန နာယက ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး နှင့်တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများတွင် ဧပြီ ၂၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းနှင့် ကျန်းမာရေး ဌာနအဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်း ဆောင်နှင့် တစ်ပါးကျောင်းဆောင်နှစ်ဆောင်တို့အား ပြန်လည်ပြုပြင် မွမ်းမံခြင်း၊ အသစ်တည် ဆောက်ခြင်းတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ယူ၍ စုစုပေါင်း ငွေကျပ် သိန်း ၁၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တံတားဦးကျေးရွာနှင့် အောင်မြင် ကုန်းကျေးရွာများတွင် ကျေးရွာအတွင်းအပြင် စိုက်ပျိုးနိုင်ရန်အတွက် မန်ကျည်းပျိုးပင်များနှင့် မျိုးစေ့များကို ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါကျေးရွာနှစ်ရွာတွင် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် မိမိတို့အား ထောက်ပံ့ပေးအပ်ခဲ့သည့် သစ်များ၊ သွပ်များကိုအသုံးပြု၍ နေအိမ်များကို ပြန်လည်တည်ဆောက်နေထိုင်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်