နေပြည်တော် ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များနှင့်ပတ် သက်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်း ကျေးရွာတို့တွင် လူနေအိမ်များ စနစ်တကျအကွက်ဖော်ပြီး ပြန်လည်တည်ဆောက် ပေးနိုင်ရေး၊ လျှပ်စစ်မီး ပြန်လည်ရရှိစေရေး၊ လေဘေးသင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် အောင် ဆောင်ရွက်စေလိုကြောင်း၊ ယာယီနေထိုင် နိုင်ရေးအတွက် အမိုးအ ကာများ စီစဉ်ဆောင်ရွက်ပေးရေး၊ သောက်သုံးရေရရှိရေး၊ ဘုန်းတော်ကြီးကျောင်း နှင့် စာသင် ကျောင်းများအား အမြန်ဆုံးပြန်လည် ပြုပြင်ပေးစေလိုကြောင်း၊ အလှူရှင်များမှ လာ ရောက်လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများအား စနစ်တကျပြန်လည်ခွဲဝေပေးနိုင်ရေး တို့ကို ဌာနဆိုင်ရာများအနေဖြင့် အလေးထား၍ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ယာယီနေထိုင်နိုင် ရေးအတွက် အမိုးအကာ ဆောင်ရွက်ထားရှိမှု ၊ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု ၊ ရေရရှိရေးဆောင်ရွက်ပေးနေမှု ၊ လျှပ်စစ်မီး သွယ်တန်းနေမှု အခြေအနေများ၊ ထောက်ပံ့ ငွေနှင့် ပစ္စည်းများ လက်ခံရရှိမှု တို့ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်