နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပျဉ်းမနား   ဇွန်  ၂၃
    
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်း၌ ဇွန်လ(၁၄)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ ကြရာ နေပြည်တော်အတွင်းရှိမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ ပြီး ယနေ့ညနေပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက် ရောက်ကြည့်ရှုအားပေးကြသည်။
    
ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ပျဉ်းမနားမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပျဉ်းမနားမြို့နယ်အသင်းက(၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ ခဲ့သည်။
    
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲ များက ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက အသီးသီးလက်ခံရယူကြသည်။
    
ထို့နောက် တတိယဆုရရှိသည့် ဥတ္တရသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင် စီအဖွဲ့ဝင် ဦးဇေယျာလင်းမှလည်ကောင်း၊ ဒုတိယဆုရရှိသည့် လယ်‌ဝေးမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှလည်ကောင်း၊ ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ် အသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည် ကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
    
ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပထမဆု ရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ပထမငွေသားဆု (၁၀၀၀၀၀ဝိ/-)ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဖြိုး(ပြန်/ဆက်)