တပ်ကုန်း ၁၉  ဩဂုတ်          


နေပြည်တော်ကောင်စီဝင် ဉီးအောင်မြင်ထွန်းသည် နေပြည်တော်လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးတင်ဇော်မိုး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေရွှေမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဝင်းနိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်ရေးရာအဖွဲ့၊ အမျိုးသမီးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဩဂုတ် ၁၉ ရက် နံနက် ၁ဝ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီပြုလုပ်ရေးနှင့်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဉီးအောင်မြင်ထွန်းသည် နေပြည်တော်လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးတင်ဇော်မိုးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဝင်းနိုင်တို့နှင့် အတူ မြဝတီရပ်ကွက်အတွင်းရှိ ရင်သွေးပျိုးခင်း မူကြို၊ ဟိန်းသစ္စာ မူကြိုကျောင်းများသို့ သွားရောက်ပြီး ကလေးငယ်များအတွက် လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှု၊ ပြုစုပျိုးထောင် သင်ကြားမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့သည်။
 

နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်သည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြို့နယ်ဉပဒေရုံး ၊ မြို့နယ်တရားရုံးများသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကြည့်ရှုခဲ့ပြီးနောက် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကိုလည်း အထူးအလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပြည်သူ့စာကြည့်တိုက်၊ Mini Museum (ပြတိုက်ငယ်)၊ ကလေးစာဖတ်ခန်းနှင့်မြေစိုက်နံရံကပ်ဘုတ်များ ပြသဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှု ခဲ့ကြောင်း သိရသည်။  


တင်စိုးလွင်

 

DSC0336