နေပြည်တော်      မေ       ၅

 

(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေ ၅ ရက် နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်စခန်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူနှင့် အရာရှိများ၊ အငြိမ်းစား မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၂၂၀ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “နိုင်ငံတကာမှာ ပြောင်းလဲ တိုးတက်နေတဲ့ မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး မိမိနိုင်ငံသား တို့အတွက် ပြည်လည်အသုံးချနိုင်ဖို့ အားထုတ်ကြရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် မြင့်မားအောင် ကြိုးပမ်းနေခြင်းဟာ တပ်ဖွဲ့တစ်ခုလုံးရဲ့ ဂုဏ်ကို မြှင့်တင်နေခြင်း ဖြစ်တယ်လို့ ခံယူထားကြရန် လိုကြောင်း၊ မီးသတ်သမားများဟာ ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ နေသူတိုင်းကို မိမိတို့အသက်နဲ့ ခန္ခာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရတာကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင်များရဲ့ ခမ်းနားလွန်းလှတဲ့ ဂုဏ်ဒြပ်ကို ယနေ့ကျရောက်တဲ့ မီးသတ်တပ်ဖွဲ့နေ့မှာ အလေးပြုဦးညွှတ်ကာ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်တဲ့ မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှု များကို အနိုင်ယူကြပါ”ဟု အမှာစကား ပြောကြားသည်။

 

ထို့နောက် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် (Video Clip)အား ပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး စံပြမီးသတ်စခန်းဆု၊ ဌာနတွင်း သင်တန်းများတွင် ဆုရရှိသော သင်တန်းသား သင်တန်းသူများ၊ မီးသတ်ကျင့်ဝတ်ဆုရရှိသော မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ လုပ်ငန်းများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်သော လုပ်သက် ၂၅ နှစ်အထက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သွေးလှူဒါန်းသည့် အကြိမ်ရေအများဆုံး  သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြခန်းတွင် ခင်းကျင်းပြသထားသော မီးသတ်ပစ္စည်း ကိရိယာများအား လှည့်လည်ကြည့်ရှုပြီး မီးသတ်/စက် ယာဉ်များ၏ စွမ်းအား သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

မြို့နယ်(ပြန်/ဆက်)