နေပြည်တော် ဒီဇင်ဘာ ၂၄
ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဒီဇင်ဘာလ(စတုတ္ထပတ်)အဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်းအင်အား ၃၆၀၀ ခန့် စည်ကား သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ရာတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကြပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂) နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများ စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကာ ပါဝင်ဆင်နွှဲခဲ့ကြသူများအား ရေသန့်ဘူး၊ Royal-D နှင့် အာဟာရမုန့်များကို အားကစားနှင့်ကာယပညာဦးစီးဌာနက ပေးဝေခဲ့ကြောင်း သိရသည်။
MDN