နေပြည်တော်  ၂၁  ဧပြီ

 

နေပြည်တော်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာနှင့် ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်းတို့၌ ပိုးသတ်ဆေးဖျန်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ် ဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ကြသည်။

 

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၁)၌ ဖွင့်လှစ်ထားသော ကန့်သတ် စောင့်ကြည့်နေရာများနှင့် ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နား စခန်းဝင်းအတွင်းတို့တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ ဆေးဖျန်းယာဉ်(၃)စီး၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ အဆင့်မြင့်မီးသတ်ယာဉ်(၂)စီး၊ မီးသတ် ရေသယ်ယာဉ်(၃)စီးနှင့် ရေမှုန်ရေမွှားထုတ်စက် (LUF 60) Robotic Fire Fighting Vehicle (၂)စီးတို့ဖြင့် ဆောင်ရွက် ကြသည်။

 

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း နေ့စဉ် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးသန်း