နေပြည်တော် မတ် ၁၄
“မြန်မာ့မျက်နှာစာသစ် ဖိုရမ်” (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) “FORUM ON THE DAWN OF A NEW STATE” (Trust, Stability & Development) ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC - I) ၌ ကျင်းပသည်။
ဆွေနွေးပွဲ ပထမပိုင်းအဖြစ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ (၂) ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ သဘာပတိအဖြစ် မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးက ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ SMART Group of Companies ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်တို့က ပါဝင် ဆွေးနွေးကြသည်။
သဘာပတိ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးက လယ်ယာ/သားငါး၊ ရေနံထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အလုပ်အကိုင်နှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် Public-Private Partnership (PPP) ကဏ္ဍတို့နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ဆွေးနွေးသည်။
ထို့နောက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဆက်စပ်တည်ရှိနေမှု၊ အစားအစာလုံခြုံမှု၊ ဖူလုံမှုအတွက်သာမက စားဝတ်နေရေး၊ အသက် မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုရေး၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ အလုပ်အကိုင် များ ဖန်တီးပေးရေး၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးရေးကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ရေး၊ အထွက်နှုန်းနှင့် ဈေးနှုန်း၊ ထုတ်လုပ်သူနှင့် စားသုံးသူ နှစ်ဖက်သင့်တင့်သည့် မျှခြေဖန်တီးရေး၊ စက်မှုလယ်ယာစနစ် ကူးပြောင်းမှု လွယ်ကူလျင်မြန်ရေး၊ တောင်သူများအတွက် စိုက်ပျိုးမွေးမြူရေး အာမခံစနစ်၊ သီးနှံများဈေးကွက် တည်ငြိမ်ရေး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာရေးအစီအမံများ၊ စိုက်ပျိုးရေးကဏ္ဍအတွက် မြေအသုံးချခွင့်နှင့် ရေရရှိရေးဆိုင်ရာ အကြုံပြုချက်များ၊ မွေးမြူရေး ကဏ္ဍအတွက် မြေအသုံးချခွင့်၊ အစာကုန်ကြမ်းနှင့် ဆေးကုန်ကြမ်းလိုအပ်မှု၊ မြန်မာနိုင်ငံ၏ လယ်ယာ ပို့ကုန်အခြေအနေ၊ Value Added ထုတ်ကုန်များအဖြစ် တင်ပို့နိုင်ရေး၊ စားသုံးဆီ ပိုမိုထုတ်လုပ်နိုင် ရေး၊ လယ်ယာ/သားငါးကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြု ချက်များ၊ ပို့ကုန်အာမခံစနစ်၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေခံသည့် ငွေကြေးထောက်ပံ့မှု ဆိုင်ရာ အကြုံပြုချက်များ၊ စိုက်ပျိုးတောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ တွေ့ကြုံနိုင်သည့် အခက် အခဲများ၊ လယ်ယာကဏ္ဍတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ စီမံခန့်ခွဲမှု တိုးမြှင့်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး မဏ္ဍိုင်များအပေါ် အခြေခံ၍ ယုံကြည်မှု တည်ဆောက်ရေး၊ တည်ငြိမ်သော အုပ်ချုပ်မှုစနစ် ခိုင်မာရေး၊ နိုင်ငံတော်၏ MSME အခန်းကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်း ၇၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းခန့်ကို ဖန်တီးပေး ထားနိုင်မှု၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ မူဝါဒ၊ နည်းဥပဒေပါ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာ အကာအကွယ်ပေးရေး၊ ပံ့ပိုးပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ အခွန်မူဝါဒနှင့် ပံ့ပိုးမှုမက်လုံးများ၊ ချေးငွေ အပါအဝင် ငွေကြေးအရင်းအနှီးပံ့ပိုးမှု၊ MSME ဖွံ့ဖြိုးရေးအတွက် လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ Social Protection ဆိုင်ရာ အထောက်အပံ့များ ရရှိရေး၊ တရားမဝင်စီးပွားရေးလုပ်ငန်း (Illegal Business)နှင့် အလွတ်သဘော စီးပွားရေးလုပ်ငန်း (Informal Business) ကွဲပြားမှု၊ Independent Body for MSME အဖွဲ့ ဖွဲ့စည်း၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်လမ်းပြ မြေပုံတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး သည်။
ဆက်လက်၍ SMART Group of Companies ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က မြန်မာနိုင်ငံ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ၊ လျှပ်စစ်ဓာတ်အား၊ ရထားလမ်းများ၊ ဆိပ်ကမ်းများ ဖွံ့ဖြိုးမှုတွင် အကန့်အသတ်ရှိနေခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်မှု၊ လျင်မြန်စွာ ဖွံ့ဖြိုးနေသော မြို့များ အတွက် ခေတ်မီအခြေခံ အဆောက်အအုံများ လိုအပ်နေမှု၊ Intangible Infrastructure ဖွံ့ဖြိုး ရေး၊ နိုင်ငံလုံခြုံရေးနှင့် စွမ်းအင်ဆက်စပ်မှု၊ မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများ၊ နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေ၊ Digital Prepaid Meter စနစ် အကောင်အထည်ဖော်ရေး၊ Public-Private Partnership (PPP) ဥပဒေရေးဆွဲပြဋ္ဌာန်းနိုင် ရေး၊ နိုင်ငံရှိ အကြီးစားစီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ခြင်း၊ PPP အားကောင်း ခိုင်မာရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ထိုသို့ ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအရေး စိတ်ပါဝင်စားကြသူများနှင့် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးကြသူများက အသေးစိတ်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ဆွေးနွေးပွဲ ဒုတိယပိုင်းအဖြစ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ(၃) ခေါင်းစဉ် ဖြင့် ဆွေးနွေးရာ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ ဦးညိုအုန်းမြင့် က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်စီးပွား ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ ဇနက ပညာရေးဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာဇော်နိုင်တို့က ပါဝင်ဆွေးနွေးကြသည်။
သဘာပတိ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဦးညိုအုန်းမြင့်က ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ မူဝါဒ၊ ပထဝီ စီးပွားရေးနှင့် ဒေသတွင်းပေါင်းစည်းရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ထုတ်လုပ်မှုနှင့် အလုပ်သမား ပြုပြင်ပြောင်းလဲရေးတို့နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်က ဒစ်ဂျစ်တယ်စီးပွားရေး အသွင်ကူးပြောင်းမှု၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရာတွင် ထုတ်လုပ်မှု၊ ယှဉ်ပြိုင်မှု စွမ်းအားမြှင့်တင်ရန် လိုအပ်မှု၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု ရည်မှန်းချက်၊ ဒစ်ဂျစ်တယ်စနစ်က ကဏ္ဍအားလုံးအပေါ် အထောက် အပံ့ပြုနေမှု၊ MSME လုပ်ငန်းများ လိုအပ်နေသည့် Digital Marketing ၊ AI နည်းပညာ ဖွံ့ဖြိုးလာမှု၊ AI တိုးတက်မှု အရှိန်အဟုန်ကြောင့် ပျောက်ကွယ်သွားနိုင်သည့် လုပ်ငန်းများနှင့် ပို၍တိုးတက်လာနိုင်သည့် လုပ်ငန်းများ၊ နည်းပညာ တိုးတက်မှုနှုန်း မြင့်မားလာသည့်အတွက် လူသားအရင်းအမြစ်အတွက် မျှော်မှန်းလုပ်ဆောင်ထား ရမည့် ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်ငွေကြေးစီးဆင်းမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ဇော်က ပထဝီ စီးပွားရေးအရ ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ ပထဝီ စီးပွားရေး အခွင့်အလမ်းများကို ဖန်တီးဖော်ဆောင်သော ကမ္ဘာ့နိုင်ငံများ၊ အမေရိကန်ကမ္ဘာအဖြစ် ဖော်ဆောင်ခဲ့မှု၊ ဖွံ့ဖြိုးမှု မူဝါဒများကို ပြောင်းလဲဖော်ဆောင်လာသည့် အာဆီယံနိုင်ငံများ၊ အာဆီယံ ဒေသတွင်း ဖြစ်ပေါ်လာသည့် ဖွံ့ဖြိုးမှုကွာဟချက်၊ ထုတ်လုပ်မှု စွမ်းအားနှင့် ကုန်သွယ်ရေး အခြေ အနေ၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းချမှုများအပါအဝင် တရား မဝင် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှု၊ ကုန်ထုတ်စွမ်းအား လိုအပ်ချက်၊ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာများ ဖော်ဆောင်ခြင်း၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ စုပေါင်း၍ ဖွံ့ဖြိုးမှုကို ဖော်ဆောင်ခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် ဇနကပညာရေး ဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာဇော်နိုင် က မြန်မာနိုင်ငံ၏ လူဦးရေပိရမစ်နှင့် လူဦးရေဆုလာဘ်၊ ပညာတတ်မြောက်မှု ရာခိုင်နှုန်း၊ ကျောင်းတက်မှုရာခိုင်နှုန်း၊ လူသားအရင်းအမြစ်များ ပြည်ပသို့ စီးထွက်ခြင်း၊ မြန်မာနိုင်ငံကရရှိမည့် လူဦးရေ ဆုလာဘ်ကို ထိုင်းနိုင်ငံက ခံစားခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ၏ ပညာရေး၊ Gary Becker ၏ လူသား အရင်းအမြစ် သီအိုရီ၊ လူသားအရင်းအမြစ်များမှ ရရှိသည့် အကျိုးကျေးဇူး၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ပညာရေးနှင့် နိုင်ငံ့ လူသားအရင်းအမြစ်အပေါ် ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ နည်းပညာနှင့် သက်မွေးပညာရေး၊ မြန်မာနိုင်ငံ၏ လက်ရှိပညာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများကို အားပေးဆောင်ရွက်ခြင်း၊ နည်းပညာ အကူအညီဖြင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ခြင်း၊ ပညာသင်ယူခွင့် အခွင့်အလမ်း များကို နည်းလမ်းမျိုးစုံဖြင့် ဖန်တီးပေးခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ထိုသို့ ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအရေး စိတ်ပါဝင်စားကြသူများနှင့် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးကြသူများက အသေးစိတ်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုက အနှစ်ချုပ် သုံးသပ်ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ဖိုရမ်နှစ်ရက်တာ ကာလအတွင်း ပါဝင်ဆွေးနွေးခဲ့ကြသည့် ပညာရှင် များ၊ လွှတ်တော်ကိုယ်စားလှယ် များအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း၊ ပညာရှင်များ၏ ဆွေးနွေး ချက်များသည် စိတ်ဝင်စားဖွယ်ကောင်းပြီး နိုင်ငံအတွက် အရေးကြီးကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များအား လက်တွေ့ လုပ်ဆောင်စေလိုသည့် အချက်များကို ထောက်ပြဆွေးနွေးလိုကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်၊ နိုင်ငံဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်ရမည့် အချက်များ၊ မည်သည့်အရာများကို ဦးစားပေး ဆောင်ရွက်သင့်သည်ကို သိရှိကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် မေတ္တာတရားနှင့် ယဉ်ကျေးမှုထွန်းကားသည့် နိုင်ငံဖြစ်ကြောင်း၊ သတင်းတု၊ သတင်းမှားများကြောင့် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု ဖြစ်စဉ်များကို လွှတ်တော်ကိုယ်စားလှယ် များက ပြည်သူများ သိရှိနားလည်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ရပ်ရွာအကျိုး၊ ဒေသအကျိုး၊ ပြည်သူ့ အကျိုးဆောင်ရွက်ရင်း မှန်ကန် သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံတော်က ပြည်သူများအတွက် ဆောင်ရွက်ပေးမှုများနှင့် ပြည်သူများ၏ လိုလားချက်များကို ယနေ့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက ပေါင်းကူးဆက်သွယ်ပေးပြီး ပိုမို ကောင်းမွန်အောင် ဖန်တီးပေးကြစေလိုကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရ၏ ဆောင်ရွက်မှု များ၊ လွှတ်တော်၏ဆောင်ရွက်မှုများကို မှန်ကန်စွာ သိရှိနားလည်ပြီး အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတွင် အားလုံးပူးပေါင်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မကြာမီစတင်မည့် လွှတ်တော်များမှတစ်ဆင့် ပြည်သူ များ၏ ယုံကြည်မှု၊ နားလည်မှုရရှိ အောင်ဆောင်ရွက်ပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
သတင်းစဉ်


