နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၈၁၃ ဒသမ ၄၅၈၄ တန် နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ မေ 
    

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မေ ၁၃ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသည့် စာရင်းများအရ ကျွန်း ၁၂၂ ဒသမ ၃၇၃၃ တန်၊ သစ်မာ ၁၁၄ ဒသမ ၉၅၆၂ တန်နှင့် အခြား ၅၇၆ ဒသမ ၁၂၈၉ တန်၊ စုစုပေါင်း ၈၁၃ ဒသမ ၄၅၈၄ တန်၊ ပြစ်မှုကျူးလွန်သူ ၉၇ ဦးနှင့် ယာဉ်/ယန္တရား ၆၁ စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    

န္တ

 

 

အဆိုပါ ဖမ်းဆီးရမိမှုများတွင် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ်အတွင်းမှ အခြားသစ် (၅၄)လုံး ၅၄ ဒသမ ဝ၃၀ဝ တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။ 

 


မောင်လူမော်