နေပြည်တော် ၁၉ နိုဝင်ဘာ  

နေပြည်တော်ရေပန်းဥယျာဉ်၌ ပထမအကြိမ် မြန်မာနိုင်ငံတွင်း အပျော်တမ်း ဆိုင်ကယ်စီးနင်းကြသူများ တွေ့ဆုံကြမည့် Nay Pyi Taw Bike Week (2019) ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ညှိုနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး နိုင်းနိုင်း (The Beasts MC) အဖွဲ့မှ ဦးစည်သူက နေပြည်တော်ရေပန်းဥယျာဉ်၌ Nay Pyi Taw Bike Week (2019) ကျင်းပမည့် အစီအစဉ်လျာထားချက်များကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များတို့က ဖြည့်စွက်ဆွေးနွေးကြပြီး သက်ဆိုင်ရာ နေပြည်တော်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။

The Beasts MC အဖွဲ့မှ မြန်မာနိုင်ငံတွင်း အပျော်တမ်း ဆိုင်ကယ်စီးနင်းကြသူများ တွေ့ဆုံကြမည့် Nay Pyi Taw Bike Week (2019) ကို နေပြည်တော် ရေပန်းဥယျာဉ်တွင် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ()ရက် တိုင်တိုင် The Great Empire Rock & Bike Festival ပွဲတော် ဖျော်ဖြေခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း