နေပြည်တော် ၁၁ အောက်တိုဘာ
ဗောဓိရိပ်ငြိမ်တောရဆရာတော်ကြီးအား ဉီးထိပ်ထား၍ ဆုလာဘ်ပိုင်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန် ဆွမ်းအခက်အခဲရှိသည့် နေပြည်တော်အတွင်းမှ ပရိယတ္တိစာသင်တိုက်ကြီးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ ကာလဒါနအလှူငွေများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။
အလှူအစီအစဉ်၏ ပထမဆုံးကုသိုလ်များအဖြစ် လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်များ အတွင်းရှိ ပရိယတ္တိစာသင်တိုက် ၂၂ ကျောင်းမှ သံဃာတော် ၁၁၄၈ ပါးနှင့် သီလရှင်ကျောင်းပေါင်း ၂၀ မှ သာသနာ့နွယ်ဝင် သီလရှင် အပါး ၉၀၀ ကျော်အတွက် ဆန်အိတ် ၁၀၀၊ စားသုံးဆီနှင့် ကျန်းမာရေးအထောက်အပံ့ ပစ္စည်းများ၊ ဆုလာဘ်ပိုင်နှင့် ထီမင်းထီးမင်း ထီဆိုင်များမှ အောင်ဘာလေ ထီလက်မှတ်များ စုစုပေါင်း ကျပ်သိန်း ၅၀ ကျော်ကို လှူဒါန်းပေးခဲ့ကြောင်း ဆုလာဘ်ပိုင်ဖောင်ဒေးရှင်းမှ သိရှိရသည်။
အပတ်စဉ် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များအားလုံးမှ ရဟန်းသံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက်အသီးသီးနှင့် သီလရှင်ကျောင်းတိုက်များသို့လည်း ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း နေပြည်တော်အတွင်းရှိ ဆွမ်း၊ ကွမ်းအခက်အခဲ ကြုံတွေ့နေရသည့် ရဟန်း၊ သီလရှင်များ၊ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများ ရှိပါကလည်း ဆုလာဘ်ပိုင် ဖောင်ဒေးရှင်း ဖုန်းနံပါတ်- ၀၉၄၂၉၂၁၇၁၇၄၊ ၀၉၄၀၅၃၂၅၅၀၀ တို့သို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း သိရှိရသည်။
ကေ-ဂျူဝယ်လ်


