နေပြည်တော်၊ ၃ ဇန်နဝါရီ
ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက နေပြည်တော် ရေဆင်းငါးလုပ်ငန်းစခန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ရေဆင်းငါးလုပ်ငန်းစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးပိုင်မှ ရေဆင်းငါးလုပ်ငန်းစခန်းတွင် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည့် ငါးသား ပေါက်ထုတ်လုပ်မှု လျာထားချက်၊ ငါးထုတ်လုပ်မှု၊ ငါးမျိုးစိုက်ထည့်မှု၊ ဖြန့်ဖြူးရောင်းချနိုင်မှုများနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ ငါးမွေးမြူရေးနှင့် ပတ်သက်သည့် သင်တန်းများပို့ချနိုင်မှု အခြေအနေများ၊ ငါးကန်များပြန်လည်ပြင်ဆင်ခဲ့မှု အခြေအနေများ၊ ငါးများအား မျိုးစိတ်တစ်မျိုးတည်း မွေးမြူခြင်းနှင့် မျိုးစိတ်ရောနှောမွေးမြူ စမ်းသပ်သွားမည့်အစီအစဉ်များ၊ GAqP စနစ်ဖြင့် သရုပ်ပြကန်များ ဆောင်ရွက်သွားနိုင်ရေးအတွက် ကန်များရွေးချယ်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် GAqP စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ငါးကန်နေရာအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
MDN


