၁၈ စင်တင်ဘာ

 

 Horizon Lake View Resort မှ ဦးစီးကျင်းပသော မင်္ဂလာမောင်နှံများအတွက် "The First Ever Wedding Fair" ပွဲကြီးကို စက်တင်ဘာ ၂၉ ရက် မှ ၃၀ ရက်အထိ နံနက် ၉ နာရီ မှ ညနေ ၆ နာရီအထိ နေပြည်တော်မြို့၌ ကျင်းပသွားမည့်ဟုသိရသည်။

 

  "ကျွန်မတို့ Wedding ပွဲကို နေပြည်တော်မှာ ပထမဆုံးကျင်းပမှာပါ။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ Horizonမှာ မင်္ဂလာဆောင်မယ်ဆိုရင် ဈေးလည်းအသင့်အတင့်ဖြစ်တဲ့ အပြင် Service လည်း အကောင်း ဆုံးပေးဖို့အတွက် ၂ရက်တိတိ စည်စည်ကားကားနဲ့ ကျင်းပပေးသွားမှာပါ။နောက် လယ်ဝေးဘက်က မင်္ဂလာ မောင်မယ်တွေက အခုဆိုရင် Pre Wedding Photo တွေ ရိုက်ခွင့်ရမယ်။ ဒါကြောင့် One Stop Serive တွေနဲ့ချိတ်မိတဲ့အတွက် အသက်သာဆုံးဖြစ်အောင် ပွဲကျင်းပတဲ့နေ့ ၂ရက်မှာ မင်္ဂလာပွဲ အတွက်လာပြီး အပ်မယ်ဆိုရင် ကျွန်မတို့ Horizon ကနေ 20% Discount လည်းပေးသွားမှာပါ''ဟု Horizon Lake View Resort  မှ Head of Sale & Marketing မသင်ဉ္ဇာမောင်ကပြောဆိုသည်။

 

အဆိုပါ အခမ်းအနားတွင် ဒီဇိုင်နာများဖြစ်သော အောင်မြတ်သူ (Aroma)၊ မျိုးမင်းစိုး ၊ စိုင်းလတ်။ရတု စသည် တို့က နာမည်ကြီး အနုပညာရှင်များဖြင့် Round ၄ ခုခွဲပြသမည်ဖြစ်ပြီး မိတ်ကပ်ပညာရှင်များ ဖြစ်သော မောင်ဦးမောင် နှင့်အဖွဲ့က Make Up Tutorial အစီအစဉ်များပြုလုပ်ပေးမည်ဖြစ် သည်။Beauty Blogger ဝင်းမင်းသန်းက အလှအပရေးနှင့် ပတ်သက်သည့် အကြောင်းအရာ အပြင် မင်္ဂလာပွဲနီးလျှင် အသားအရေအား ပြုပြင်ထိန်းသိမ်းသင့်သော ဆောင်ရန်ရှောင်ရန် သိကောင်းစရာများမျှဝေမည်ဖြစ်သည်။ ၎င်းပွဲကြီးအတွက် P.O.Q Myanmar Gems & Jewelry  စိန်ဆိုင်က ကံစမ်းမဲအစီအစဉ်နှင့်Give Card အစီအစဉ်များ ထည့် ပေးမည် ဖြစ်သည်။

 

ကိုလင်း