နေပြည်တော်တွင် (တိုင်းအဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများကျင်းပ

အဆိုပါ တိုင်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲများကို နေပြည်တော်အတွင်း မြို့နယ် ၈ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီးမှ အင်္ဂလိပ်စာ ထူးချွန်သူ ၈၀ ဦးတို့က အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ သင်္ချာ ထူးချွန်သူ ၈၀ ဦးတို့က အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ထူးချွန်ဆု ရရှိသူများအား ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် နေပြည်တော်၌ ဆက်လက် ကျင်းပပေးမည့် (ဗဟိုအဆင့်) စွမ်းရည် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း သိရှိရသည်။