ကျိုက်မရော ၂၈ မတ် 

 

ကျိုက်မရောမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကလေးငယ်များ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် မွန်စာပေနှင့် မွန်စကားကို ကျွမ်းကျင်စွာ ပြောဆိုရေးသားတတ်စေရန်အတွက် နွေရာသီ မွန်စာပေနှင့် မွန်စကားပြော သင်တန်းဖွင့်ပွဲကို မတ်၂၇ နံနက် ၁၀  နာရီက ကော့ကလော့ကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။ 

 

သင်တန်းတွင် မွန်စာပေနှင့် ယဉ်ကျေးမှု နာယက ကျောင်းတိုင်ဆရာတော် ဦးပညာသာမိက အခြေခံမွန်ဘာသာနှင့် မွန်စာပေသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းမိန့်ကြားခဲ့သည်။ 

 

အဆိုပါသင်တန်းတွင် တက်ရောက် သင်ကြားနေကြသည့် မွန်တိုင်းရင်းသား ကလေးငယ်များအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၄) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်စောင်ရေ (၃၀ဝ) အား တပ်မတော်နေ့ကို သတိရနေစေရန်နှင့် ဗဟုသုတရရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

သင်တန်းကို ကျိုက်မရောမြို့နယ် ကော့ကလော့ကျေးရွာမှ မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီက ကြီးမှူး၍ မတ် ၂၇ မှ ဧပြီ ၁၂ ရက်အထိ ဖွင့်လှစ်သွားပြီး  သင်တန်းသို့ မွန်တိုင်းရင်းသားကလေးငယ် (၁၅၅) ဦး တက်ရောက်သင်ကြားလျှက် ရှိကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော )

 

1