နေပြည်တော် ၉ ဧပြီ
၂၀၂၀ ပြည့်နှစ် နွေရာသီကာလအတွင်း ကျေးရွာများ၌ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့်စပ်လျဉ်း၍ ဧပြီ ၉ ရက်ထိ တိုင်းဒေသကြီး/ ပြည်နယ် (၈)ခုရှိ မြို့နယ်ပေါင်း (၂၇)၊ ကျေးရွာပေါင်း (၈၀) ရွာသို့ ရေ ၅၀၁၀၃၆ ဂါလန် ဖြန့်ဝေထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျေးရွာများသို့ ရေဖြန့်ဝေပေးမှု အခြေအနေမှာ ပူးတွဲပါဇယားအတိုင်း ဖြစ်သည်။
ရေရှားပါးပြတ်လပ်သော ကျေးရွာများမှ သောက်သုံးရေ ဖြည့်ဆည်းပေးနိုင်ရေး အကူအညီတောင်းခံနိုင်ရန်နှင့် ရေလှူဒါန်းလိုသော စေတနာရှင်၊ အလှူရှင်များမှ ရေလှူဒါန်းမှုများ ပြုလုပ်ပေးနိုင်ရန်တို့အတွက် Water Donation Myanmar App ကို အလွယ်တကူအသုံးပြု ဆောင်ရွက်နိုင်ပြီး ရေရှားပါးပြတ်လပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေများအား water-donation.com တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
သတင်းစဉ်


