နေပြည်တော် ၂၇ ဖေဖေါ်ဝါရီ
နွေရာသီ ကျောင်းပိတ်ရက်တွင် အခြေခံအားကစားသင်တန်းများ နေပြည်တော်တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
နွေရာသီအခြေခံ အားကစားသင်တန်းများကို နေပြည်တော်ရှိ ကျောင်းများတွင် အားကစားနည်း(၈)မျိုးဖြင့် ဖေဖေါ်ဝါရီ ၂၈ မှ မတ် ၁၃ ရက်အထိ အားကစားနည်းအလိုက် နည်းပြအင်အား ၁၄၇ ဦး တာဝန်ပေး၍ ကျောင်းသား ကျောင်းသူများကို သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် အားကစားအခြေခံ နည်းပညာများ စနစ်တကျ တတ်မြောက်စေရန်၊ အားကစားကို စိတ်ပါဝင်စားလာစေရန်၊ နောင်တစ်ချိန်တွင် ကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
မောင်လူမော်