နွေရာသီအမျိုးသား အမျိုးသမီး အလွတ်တန်းဘတ်စကက်ဘော အုပ်စုနောက်ဆုံးပြိုင်ပွဲများ ကျင်းပ  

ရန်ကုန် ၁၁ မေ  


နွေရာသီ ဖိတ်ခေါ်အမျိုးသား အမျိုးသမီးအလွတ်တန်း  ဘတ်စကက်ဘော ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်း မိုးလုံလေလုံအားကစားရုံ၌ ဆက်လက်ကျင်းပသည်။ 


အဆိုပါပြိုင်ပွဲ၌ အမျိုးသားအလွတ်တန်း နောက်ဆုံးပွဲစဉ်များမှာ ယနေ့ပြီးဆုံးခဲ့ပြီး မေ ၁၂ ရက်တွင် ကွာတားဖိုင်နယ်ပွဲစဉ်များ ကျင်းပမည်ဖြစ်ကာ အမျိုးသမီးအလွတ်တန်း ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် အမျိုးသား၊ အမျိုးသမီးအသက်  ၁၉ နှစ်အောက် အုပ်စုပွဲစဉ်များကို ကျိုက္ကဆံ ဘတ်စကက်ဘော အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
ယင်းပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှအသင်းများ၊ ကလပ်အသင်းမှ လက်ရွေးစင်ကစားသမားများ၊ ဆီးဂိမ်းပြိုင်ပွဲ စခန်းသွင်းထားသည့် လက်ရွေးစင်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုပွဲပြိုင်ပွဲများကို မေ ၁၄     ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းနှင့် ဓာတ်ပုံ- အာကာစိုး  

 

1